တောင်ဒဂုံရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၉ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ  မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ အ.မ.က(၁) စာသင်ကျောင်းမှာ သင်တန်းတက်နေကြတဲ့ အထူးရဲတပ်ဖွဲ့ဝင်  ၂၂၃ ဦးကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ  ၁၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်တင်ဆွေက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် မဲရုံတွေမှာ လုံခြုံရေး တာဝန်ထမ်းဆောင်ကြမယ့် အထူးရဲတွေကို ကိုဗစ်-၁၉  ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေတာဖြစ်ပြီး  ပထမအသုတ်မှာ ၁၀ ဦးတွေ့ရှိကာ ဒုတိယအသုတ်မှာ ၉ ဦး ထပ်တွေ့ရှိတာ ဖြစ်ပါတယ်။ ရောဂါ ကူးစက်ခံရတဲ့ အဆိုပါအထူးရဲတပ်ဖွဲ့ဝင်  ၁၉ ဦးကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အောင်မြင့်မိုရ် Quarantine Centre သို့ ညတွင်းချင်းပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။  သတင်း - အိသဇင်ခိုင်၊  ဓာတ်ပုံ -  UNyiNyi

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up