DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်နှင့် အစိုးရတပ် တိုက်ပွဲ ပြန်ဖြစ်
DVB
·
July 17, 2013
မွန်ပြည်သစ်နှင့် အစိုးရတပ် တိုက်ပွဲ ပြန်ဖြစ်
Donate to DVB

တနင်္သာရီတိုင်း မြိတ်ခရိုင်မှာ အစိုးရတပ်ဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့ ဇူလိုင် ၁၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားပြီး  အကျအဆုံးတွေ ရှိခဲ့ပါတယ်။

[caption id="attachment_41657" align="alignleft" width="300" caption="စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသည့် မွန်ပြည်သစ်ရဲဘော်များ"][/caption]

ရှေ့လာမယ့် သီတင်းပတ်တွေအတွင်းမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နေပြည်တော်မှာ အပစ်ရပ်စဲရေး လတ်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေချိန် အတွင်းမှာ မွန်ပြည်သစ်ပါတီနဲ့ အခုလို ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားရာနေရာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းရင်းကို မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က အခုလို ရှင်းပြပါတယ်။

“ထိုင်းဘက်ဆိုရင် မိုဘန်းစဖန်မြို့နယ်ဘက် ဆက်စပ်တယ်။  ဟိုဘက်ကျတော့ ပြည်ကြီးမဏ္ဍိုင်တို့၊ မြိတ်မြို့နဲ့ အပေါ်ယွန်းယွန်း၊ နယ်စပ်မျဉ်းနဲ့ သိပ်မဝေးဘူး။ ဖြစ်စဉ်ကတော့ မနေ့က ၁၀ နာရီခွဲမှာ ကျနော်တို့ တပ်ဖွဲ့ဝင် မိသားစုတွေရယ်၊ ဒေသခံတွေနေတဲ့ ရွာလေးရှိတယ်။ ရွာအပြင် ခန့်လှမ်လှမ်း သူတို့ လုံခြုံရေးတွေနဲ့ ကင်းချထားတာရှိတယ်၊ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ ပုံမှန်ကတော့ ဆက်ဆံရေးကတော့ ကောင်းကောင်းပါပဲ။ အခု ဘယ်လိုဖြစ်လဲ မပြောတတ်ဘူး။ ကျနော်တို့ လိုက်စုံစမ်းနေတုန်းပဲ။ ကျနော်တို့ဘက်က ကင်းစောင့်တဲ့ ရဲဘော် ၂ ယောက်ပဲ ခံလိုက်ရတာပေါ့နော်။”

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ မော်လမြိုင်က ဆက်ဆံရေးရုံးကို အကြောင်းကြားထားပြီး ဘယ်လို ရလဒ်မျိုး ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် အစိုးရနဲ့ ဆွေးနွေးနေတဲ့ အပစ်ခတ်ရပ်စဲရေးကို ထိခိုက်မှု ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အားလုံးက ဆက်စပ်မှု ရှိနေသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး မှားယွင်းမှုလား၊ တမင်သက်သက်လုပ်ဆောင်တာလား ဆိုတာကိုလည်း စုံစမ်းနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် အကျအဆုံးတွေရှိခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားသလို အစိုးရဘက်ကလည်း ကျဆုံးတာတွေ ရှိတယ်လို့ တိုက်ပွဲဖြစ်ပွားရာ အနီးမှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေဟာ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအပါအ၀င် အချက် ၄ ချက်ပါဝင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013