DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်များ မလေးရှားအစိုးရအရာရှိနှင့် ဆွေးနွေး
DVB
·
July 16, 2013
၈၈ မျိုးဆက်များ မလေးရှားအစိုးရအရာရှိနှင့် ဆွေးနွေး
Donate to DVB

မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်တို့အဖွဲ့ဟာ မလေးရှားအစိုးရ အဆင့်မြင့်အရာရှိတဦးနဲ့ ဒီနေ့ တွေ့ဆုံပြီး မလေးရှားရောက် မြန်မာတွေရဲ့လုံခြုံရေးကိစ္စကို ဆွေးနွေးပါတယ်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးကိုကိုကြီး (စမ်းချောင်း)နဲ့ ဒေါ်သန်းမြင့်အောင်တို့ဟာ မလေးရှားနိုင်ငံကို ရောက်ရှိစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီနေ့ ၀န်ကြီးရဲ့ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ကွာလာလမ်ပူမြို့က အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဦးဂျင်မီက နှစ်ဘက် ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ခုလို ပြောပြပါတယ်။

[caption id="attachment_28936" align="alignleft" width="300" caption="ကိုဂျင်မီ"][/caption]

“မလေးမှာ ကျနော်တို့ မြန်မာ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ လုံခြုံမှု ပိုပေးနိုင်ဖို့၊ မြန်မာ အသိုင်းအ၀ိုင်းနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံနိုင်ဖို့၊ နောက်ပြီးတော့ ဒီမှာကျန်မယ့် မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ဆောင်ရွက်နေတဲ့ ကျနော်တို့ မိတ်ဆွေတွေ ရှိတယ်လေ။ တလက်စတည်း ဆက်ဆွေးနွေးကြပါတယ်။ သူတို့ ဘက်ကတော့ အားလုံးကို တည်ငြိမ်အောင် ငြိမ်းချမ်းအောင် ဆောင်ရွက်ထားနိုင်တဲ့အကြောင်းပေါ့ဗျာ။ အဓိက သူတို့က မလေးရှာနိုင်ငံရဲ့ အချုပ်အခြာနဲ့ ဥပဒေကို မထိခိုက်ဘူးဆိုလို့ရှိရင် နိုင်ငံခြားသား အားလုံးကို လုံခြုံမှု ပို့ပေးထားနိုင်မယ် ဆိုတဲ့အကြောင်းကိုလည်း သူတို့ ပြောသွားတယ်။ ”

သူတို့တတွေဟာ ကွာလာလမ်ပူနဲ့ ပီနန်အရပ်ဒေသတွေကို သွားရောက်ခဲ့ကြပြီး စာပေဟောပြောပွဲတွေ လုပ်ဆောင်ခဲ့ကြသလို မလေးရှားမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သတင်းအချက်အလက်အမှန်တွေကို ဖလှယ်နိုင်ဖို့ ကွန်ယက်တခုကို တည်ထောင်ဖို့ ဆွေးနွေးသဘောတူညီချက်ရခဲ့ကြတယ်လို့ ဦးဂျင်မီက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့လပိုင်းက မလေးရှားနိုင်ငံမှာ မြန်မာပြည်သားတွေကို တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် စိုးရိမ်ပူပန်မှုကျယ်ပြန့်ခဲ့ပြီး ပြန်သူတွေကို လေယာဉ်နဲ့ အခမဲ့ပို့ဆောင်တဲ့အစီအစဉ်တွေ မရှိစဖူး ဖြစ်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဇင်ယော်ကိုယ်တိုင် မလေးရှားအစိုးရနဲ့ သွားရောက် ဆွေးနွေးခဲ့ပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းကျော်ကနေ ၆ သိန်းနီးပါးအကြား ရှိနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013