Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအသစ်များတွင် အနံ့မရရှိသူ ၃၂၈   ဦးပါဝင်
DVB
·
October 12, 2020
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်တွေထဲမှာ  အနံ့မရရှိသူ ၃၂၈   ဦးပါဝင်နေတယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၉၁၀ ယောက်ထဲမှာ ၄ ဦးက ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးတွေ့ရှိခဲ့တာဖြစ်လို့ အောက်တိုဘာ ၁၁ ရက်ည အတည်ပြုလူနာ အရေအတွက်ဟာ ၁၉၀၆ ဦးသာ ဖြစ်တယ်လို့လည်းဆိုပါတယ်။  အဆိုပါအတည်ပြုလူနာ ၁,၉၀၆ ယောက်ထဲမှာ အနံ့မရရှိသူ ၃၂၈ ယောက်ပါဝင်နေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ  ရန်ကုန်တိုင်းက ၁,၄၄၅ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ဗဟန်းမြို့နယ်မှာ ၁၂၆ ယောက် ၊ လှိုင်သာယာမြို့နယ်မှာ ၁၀၅ ယောက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၀၅ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၉  ခုမှာ ၅၁ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၇ ခုမှာ ၄၂ ယောက်၊ မွန် ပြည်နယ်မြို့နယ် ၂ ခုမှာ ၁၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၂၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၈ ခုမှာ ၃၃ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၀ ခုမှာ ၂၃၈ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၆ ခုမှာ ၃၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂၁ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၁ ခုမှာ  ၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၁ ခုမှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၉၇၄ ယောက်၊ သေဆုံးသူ ၆၄၆ ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူ ၉၇၄၂ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၈ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၈ ဒသမ ၃ သန်း ကျော် ရှိ နေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024