DVB Logo
Home
မြန်မာသတင်း
ခြေ ၄ ချောင်းပါ ကလေးငယ်ကို ရန်ကင်းဆေးရုံတွင် ခွဲစိတ်
DVB
·
July 16, 2013
ခြေ ၄ ချောင်းပါ ကလေးငယ်ကို ရန်ကင်းဆေးရုံတွင် ခွဲစိတ်
Donate to DVB

ရှမ်းပြည်နယ် ပင်လုံမြို့နယ်က မွေးရာပါ ခြေ ၄ ချောင်းရှိတဲ့ လသားအရွယ် မိန်းကလေးငယ်တဦးကို ရန်ကုန်တိုင်း  ရန်ကင်းကလေးဆေးရုံကြီးမှာ  ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းက ခွဲစိတ်ပေးပါတယ်။

မွေးရာပါ  ဦးခေါင်း ၁ လုံး၊ လက် ၂ ဘက်၊ ခြေ ၄ ချောင်း၊ မအင်္ဂါ ၂ ခုနဲ့ စအို ၂ ခု ပါရှိတဲ့   မိန်းကလေးကို  အရိုးအထူးကုပါရဂူ ဒေါက်တာ ဦးမြင့်သောင်းနဲ့တကွ သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်များအဖွဲ့က  ဒီနေ့မနက် ၇ နာရီကျော်မှာ စတင်ခွဲစိတ်ခဲ့ပါတယ်။

ခွဲစိတ်ခန်းထဲက ကုသဆောင်ရွက်ချက်တွေကို ရန်ကင်းဆေးရုံ ကွန်ဖရင့်ခန်းမထဲမှာ ပရိုဂျက်တာနဲ့ တိုက်ရိုက် ရိုက်ကူးပြသနေပြီး  ကလေးဆေးရုံအုပ်ကြီးနဲ့တကွ ဧရာဝတီဖောင်ဒေး ရှင်းက တာဝန်ရှိသူတွေ၊   သတင်းနဲ့ စာနယ်ဇင်းက သတင်းထောက်တွေ  ကြည့်ရှုခွင့် ရခဲ့တယ်လို့ အဲဒီမှာ ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီ တီဗွီသတင်းထောက် ဒေါ်နေရီရီက ပြောပါတယ်။

ကလေးငယ်ရဲ့ ကုသမှုကုန်ကျစရိတ်အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းက ကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး  ကုန်ကျမှုအတိုင်းအတာကတော့ ကုသမှုပြီးစီးမှ သိနိုင်မယ်လို့ ဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကလေးက ပြီးခဲ့တဲ့ ၂၀၁၃ ဖေဖော်ဝါရီ ၂ရက်နေ့မှာ မွေးတာပါ/ ကလေးမှာ ခြေလေးချောင်းပါလာတဲ့ အခါကျတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ရန်ကင်းက လေးဆေးရုံကြီးကို ပို့လိုက်တာပါ။ ရန်ကင်းကလေးဆေးရုံ ရောက်လာတဲ့အခါကျတော့ ကျနော်တို့ ဧရာဝတီဖောင်ဒေးရှင်ကနေပြီးတော့ ကလေးရဲ့ ကုသစရိတ်အကုန်လုံးကို တာဝန်ယူပြီးတော့ ကုသပေးမယ်ဆိုပြီးတော့ ဖြစ်သွားတာပါ။”

မွေးရာပါ ခြေ ၄ ချောင်းနဲ့ မိန်းကလေးငယ်ကို တောင်ယာအလုပ်လုပ်သူ မိဘ ၂ ပါးဖြစ်တဲ့ ခွန်စံဒွေးနဲ့ နန်းနောင့်နောင့်တို့က ပင်လုံမြို့နယ်ခွဲ ပန်မုန့်ကျေးရွာအုပ်စု လွယ်မွတ်ကျေးရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ကလေး ၃ လအရွယ် ဧပြီ ၃၀ ရက်နေ့က လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံကို ရောက်လာခဲ့ပြီး မေ ၁၀ ရက်နေ့မှာတော့ တောင်ကြီးမြို့ မိခင်နဲ့ ကလေးဆေးရုံကို ရောက်ရှိကာ အဲဒီကနေတဆင့် ရန်ကုန်မှာ  ခွဲစိတ်ကုသနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013