DVB Logo
Home
မြန်မာသတင်း
နှစ်မကုန်ခင် ယုံကြည်ချက်အကျဉ်းသားလွှတ်ရန် သမ္မတကတိပြု
DVB
·
July 16, 2013
နှစ်မကုန်ခင် ယုံကြည်ချက်အကျဉ်းသားလွှတ်ရန် သမ္မတကတိပြု
Donate to DVB

ယုံကြည်ချက်အကျဉ်းသားတွေအကုန်လုံးကို ဒီနှစ်အတွင်း ပြန်လွှတ်ပေးမယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က ဗြိတိန်နိုင်ငံခရီးစဉ်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့က လန်ဒန်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တွေ့ဆုံအပြီး ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပြီး သူ့သမ္မတသက်တမ်းမှာ အကျဉ်းသားတွေထောင်နဲ့ချီ လွတ်ပေးခဲ့ပြီးပြီလို့ ပြောပါတယ်။

[caption id="attachment_41614" align="alignright" width="300" caption="သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် တွေ့ဆုံစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

ဒီနှစ်ကုန်ပိုင်းကျရင် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့သူ ရှိမှာမဟုတ်ကြောင်း ကျနော်အာမခံပါတယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။
သမ္မတပြောဆိုချက်နဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က အဖမ်းအဆီးတွေ ဆက်ရှိနေတာကိုထောက်ပြပြီး ဒီကတိစကားအပေါ် လက်တွေ့ဖြစ်နိုင်ခြေအပေါ် သံသယဖြစ်တယ်လို့  ပြောပါတယ်။

“ကြားရတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီဟာတွေ လက်တွေ့ဖြစ်နိုင်ဖို့ သမ္မတက ဘယ်လောက်စွမ်းဆောင်နိုင်မယ်ဆိုတာ စောင့်ကြည့်ရမှာပေါ့။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အင်မတန်မှ အားနည်းနေတာကို တွေ့ရတယ်။ မတရားသဖြင့် ဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေက အများကြီးဖြစ်နေတာ တွေ့ရပါသေးတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးမှု အားကောင်းလာအောင် မလုပ်ဘဲနဲ့ တခြားကိစ္စတွေက အားကောင်းလာဖို့၊ ပြီးဆုံးသွားဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။”

နိုင်ငံရေးအကျဉ်းသားစိစစ်ရာမှာ လက်ရှိကာလ ပြစ်ဒဏ်စီရင်ပြီး ထောင်ကျသူ ၁၆၂ ဦးရှိပြီး တရားရင်ဆိုင်နေရသူ ၇၀ ကျော် စုစုပေါင်း စာရင်းရှိ နိုင်ငံရေးအကျဉ်းသားဦးရေ အနည်းဆုံး ၂၃၀ လောက် ရှိနေတယ်လို့ ပြောဆိုပါတယ်။ တခြားသူတို့မသိသေးဘဲ ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ယုံကြည်ချက်အကျဉ်းသားဟာ ယုံကြည်ချက်အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကြိုးပမ်းရင်း ဖမ်းဆီးခံရသူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဆိုတာကတော့ ယုံကြည်ချက်အတွက် ငြိမ်းချမ်းတဲ့နည်းရော၊ လက်နက်ကိုင်နည်းရော တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံရသူတွေ ပါဝင်တယ်လို့  ဦးဘိုကြည်က ပြောပါတယ်။

အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်တွေက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိသေးတာကိုလည်း သတ်မှတ်ပြဋ္ဌာန်းကြဖို့ လိုတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်အစိုးရလက်ထက်က ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးပြီး မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိဘူးလို့ ရပ်တည်ရာက အရပ်သားအစိုးသစ်ဖွဲ့စည်းတဲ့အခါ သမ္မတဖြစ်လာပြီးတဲ့နောက်မှာတော့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး စိစစ်ခိုင်းထားပါတယ်။

ဦးသိန်းစိန်နဲ့တွေ့ဆုံရာမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာသမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုတွေကို ဗြိတိန်က ကြိုဆိုတဲ့အကြောင်းနဲ့ ၂၀၁၅ ခုနှစ်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ် စောင့်ကြည့်မယ်လို့ ပြောပါတယ်။ ဒီတွေ့ဆုံပွဲမှာ မစ္စတာကင်မရွန်းက လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေကို စိုးရိမ်ပူပန်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013