Homeမြန်မာသတင်း
ကျန်းမာရေးညွှန်ကြားချက် A အဆင့် လိုက်နာဆောင်ရွက်သည့် CMP စက်ရုံများပြန်ဖွင့် (ဓာတ်ပုံ)
ကျန်းမာရေးညွှန်ကြားချက် A အဆင့် လိုက်နာဆောင်ရွက်သည့် CMP စက်ရုံများပြန်ဖွင့် (ဓာတ်ပုံ)
DVB
·
October 12, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးညွှန်ကြားချက် လိုက်နာဆောင်ရွက်တဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအဆင့် A ရရှိထားတဲ့ ကုန်ကြမ်းယူကုန်ချောပေး လက်ခစား လုပ်ငန်း(CMP) စက်ရုံအလုပ်ရုံတွေကို အောက်တိုဘာလ ၁၂ ရက် ဒီနေ့ မနက် ကစပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုရှိမရှိကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီးတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အဆင့် A ရတဲ့ CMP လုပ်ငန်းတွေနဲ့ SMEလုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည်ဖွင့် ခွင့်ပြုခဲ့တာလို့သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၁ ရက် ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၇,၉၇၄ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၉,၇၄၂ ဦးနဲ့ သေဆုံးလူနာ ၆၄၆ ဦးရှိနေပါတယ်။
Photo - Ye Myo Khant / MPA