DVB Logo
Home
သတင်းတို
ပဲခူးမြို့ပေါ်တွင် လက်ပစ်ဗုံး တွေ့ရှိ
DVB
·
July 16, 2013
Donate to DVB

ပဲခူးမြို့ တောင်ငူလမ်း အလယ်တန်းကျောင်းရှေ့မှာရှိတဲ့ မြို့နယ်တရားရုံးဝန်းအတွင်း လက်ပစ်ဗုံးတလုံးကို ဒီနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ပဲခူးမြို့အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"တရားရုံးထဲမှာရှိတဲ့ ရဲကင်း ရဲဝန်ထမ်းတဦးက စနက်တံလေးကို တွေ့လို့ လိုက်ရှာ ကြည့်တဲ့အခါ မပေါက်သေးတဲ့ဗုံးကို တွေ့ရတာပါ။ စနက်တံလေးဖြုတ်ပြီး ပစ်ထားပေမယ့် ဗုံးက မိုးစိုလို့လားမသိဘူး မကွဲဘူးဖြစ်နေတယ်။ ဗုံးချွတ်ယွင်းချက်ကြောင့် မကွဲတာပါ။ အဲ့ဒီဗုံးကိုတော့ သက်ဆိုင်ရာ ဘီအီး (စစ်အင်ဂျင်နီယာ) တပ်ကို လွဲပေးလိုက်ပါပြီ။"

ဗုံးတွေ့ရှိခဲ့ပေမယ့် ပဲခူးမြို့မှာ လုံခြုံရေးအရ တင်းကြပ်မှုတွေ မရှိဘဲ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013