Home
သတင်းတို
အာဇာနည် ခေါင်းဆောင်များ၏ ကျန်ရစ်သူ မိသားစုတွေကို အားပေး ဂုဏ်ပြုမည်
DVB
·
July 16, 2013
ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပမှာဖြစ်တဲ့အပြင် အာဇာနည်ခေါင်းဆောင်များရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို တွေ့ဆုံနှုတ်ဆက်အားပေး ဂုဏ်ပြုတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းသွားမယ်လို့ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းက ပြောပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး အခမ်းအနားမှာ အဖွဲ့အစည်းပေါင်းစုံ၊ လူပေါင်းစုံက လာရောက် ဂါရ၀ပြုကြမှာဖြစ်လို့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့၊ တပြိုင်နက်တည်းမှာ လာရောက် ဂါရ၀ပြုသူတွေ အဆင်ပြေချောမွေ့အောင်လည်း စီစဉ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024