Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၄၈ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၉၁၀ ဦး တွေ့ရှိ
DVB
·
October 11, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၉၁၀ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၄၈ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီကနေ ၁၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၈၀၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ်  ၁၉၁၀ ယောက်  တွေ့ရှိခဲ့တာပါ။ ကိုဗစ်-၁၉ ကုသရေးဌာနတွေ၊ ဝေဘာဂီအထူးကုဆေးရုံကြီးနဲ့ တောင်ဥက္ကလာပ ဆေးရုံကြီးတို့ရှိ စုစုပေါင်း ကုတင် ၁၀၀၂၉ ခုမှာ လူနာ ၇၅၈၉ ယောက် ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း အသွားအလားကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၆၅၇ ယောက်အား နေအိမ်တွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၉၇၄ ယောက်၊ သေဆုံးသူ ၆၄၆ ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူ ၉၇၄၂ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၇ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၈ ဒသမ ၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024