DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး ရေနစ်သေဆုံး
DVB
·
July 16, 2013
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး ရေနစ်သေဆုံး
1 / 2
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတစု ပင်လယ်ထဲ ရေဆင်းကစားရင်း ၂ ဦး ရေနစ်ပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

အလုပ်သမားတွေဟာ ဇူလိုင် ၁၄ ရက်နေ့က တကွာပါ မြို့နယ် ၀ပ်ယန်းယောင် ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်ပွဲလုပ်ပြီး ညနေပိုင်း ကျောင်းတိုက်နားက ပင်လယ်ကမ်းစပ်မှာ ရေဆင်းကစားရင်း ရေနစ်ခဲ့တာလို့ ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတာဝန်ခံ ကိုမိုးဝေက ပြောပါတယ်။

“တကွာပါ မြို့နယ်မှာ ဘုရားပွဲအကြီးတခုလုပ်တယ်။ စူရတ်ဌာနီက လူ ၁၀၀ နီးပါလောက် လာတယ်၊ ညနေဘက် ဘုရားပွဲပြီးလို့ ကမ်းခြေမှာ ရေသွားကူးကြတယ်။ လူ ၅၀ လောက်ကူး နေတဲ့ကြားထဲမှာမှ မိုးလည်း နည်းနည်းရွာတယ်၊ လေလည်း တော်တော်တိုက်တယ်။ ဒေသခံလှေတွေ ပေးမထွက်တဲ့ အချိန်မှာ သူတို့လည်း မသိဘဲနဲ့ ဆင်းကူးမိရင်းနဲ့ အဲဒီလို ဖြစ်သွားတာ။”

ရာသီဥတုမကောင်းဘဲ ရေထဲဆင်းချိန်မှာ လှိုင်းထန်လာပြီး ၂ မီတာလောက်မြင့်တဲ့ ရေလှိုင်းတခုက အလုပ်သမား  ၂ ဦးကို ပုတ်ခတ်သွားတာလို့ ဆိုပါတယ်။
နမ့်ခိမ်းနာရေးကူညီမှုအသင်းက ရေနစ်တဲ့ အလုပ်သမားတဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး တကွာပါဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။ နောက်တဦးကိုတော့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် နမခင်း ကမ်းခြေမှာ အလောင်းပြန်တွေ့တယ်လို့ ကိုမိုးဝေက ပြောပါတယ်။

သေဆုံးသွားသူဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ပုလောမြို့နယ်က  အသက် ၂၄ နှစ်ရွယ် ကိုချမ်းစုအောင် ဖြစ်ပြီး ဆုရတ်ဌာနီက ကွန်ဒုံစက်ရုံမှာ အလုပ်လုပ်နေကြောင်း၊ သူရဲ့အလောင်းကို ဆွေမျိုးတွေက ဆူရတ်ဌာနီကို ပြန်သယ်သွားပြီး ဒီကနေ့ ညနေပိုင်း သင်္ဂြိုဟ်မယ်လို့ ကိုမိုးဝေက  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013