သမ္မတ ခရီးစဉ်အခြေအနေ ဦးရဲထွဋ်နှင့် မေးမြန်းချက်
DVB
·
July 15, 2013
သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ နှစ်ပေါင်း ၂၀ လောက်အတွင်း မြန်မာခေါင်းဆောင်တဦးရဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် လန်ဒန်မြို မှာ ရောက်ရှိနေပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဇူလိုင် ၁၅ ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ခုလို မြန်မာသမ္မတရဲ့ သမိုင်းဝင်ခရီးစဉ်မှာ ဘာတွေ ဆောင်ရွက်ဖို့ ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး သမ္မတနဲ့ အတူလိုက်ပါသွားတဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို လန်ဒန်အခြေစိုက် ဒီဗွီဘီသတင်းထောက် မရွှေစင်က တွေ့ဆုံမေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။