ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိ
DVB
·
October 10, 2020
ကချင်ပြည်နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဒီနေ့ညနေ ထုတ်ပြန်ထားပါတယ်။
ဖားကန့်မြို့ ၁၁ ဦးနဲ့ မိုးညှင်းမြို့က ၄ ဦး စုစုပေါင်း အတည်ပြုလူနာ ၁၅ ဦးတွေ့ရှိခဲ့တာပါ။ သူတို့အားလုံးကို မိုးညှင်းဆေးရုံနဲ့ ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူစေမယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့အထိ ကချင်တပြည်နယ်လုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၉ ဦး၊ ဆေးရုံတွေမှာ လက်ရှိ ဆေးကုသမှုခံယူသူ ၂၆ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၄၃ ဦးရှိတယ်လို့ သိရပါတယ်။
Photo : Department of Public Health Kachin State