DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ပထမဆုံးအကြိမ် ဆွေးနွေး
DVB
·
July 15, 2013
သမ္မတနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ပထမဆုံးအကြိမ် ဆွေးနွေး
Donate to DVB

လူတစုရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ ဒေသတွင်း ပြဿနာဖြစ်လာအောင် ပုံဖော်နေပြီး ကုလသမဂ္ဂကလည်း ပြစ်တင်ဝေဖန်တာတွေ လုပ်လာ နေတယ်လို့ သမ္မတဦးသိန်းစိန်က ဇူလိုင် ၁၃ ရက်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ  ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်တွေကို ရန်ကုန်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။

တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ မကျဆင်း စေဖို့နဲ့ ပြည်သူတွေအပေါ် ဘေးအန္တရာယ် မကျရောက်စေဖို့အတွက် ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ ဖွဲ့စည်းထားပြီးဖြစ်တဲ့ ဘာသာပေါင်းစုံအဖွဲ့ကြီးအနေဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြဖို့ သမ္မတက မေတ္တာရပ်ခံခဲ့ပါတယ်။

သမ္မတနဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ကြတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။တွေ့ဆုံဆွေးနွေးပွဲ တက်ခဲ့တဲ့ အသင်းနာယက ဦးလှမောင်ကို ဆက်သွယ်မေးမြန်းတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013