ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအလှူ ပန်းချီပြပွဲ ပြုလုပ် (ဓာတ်ပုံ)
မောင်တူး
·
October 9, 2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ရံပုံငွေအလှူအဖြစ် ပန်းချီ အမ်ပီပီရဲမြင့်ရဲ့ Our Leaders အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲကို ညောင်ဦးမြို့မှာ ပြုလုပ်နေပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့က MPP Art Gallery မှာ အခု ပန်းချီပြပွဲကို ပြသနေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် Mask တပ်ထားတဲ့ပုံတွေကို ရေးဆွဲပြသထားပါတယ်။
ပြပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်ကနေ ၁၅ ရက်နေ့အထိ ၈ ရက်တိတိ ပြသသွားမှာဖြစ်ပြီး ပန်းချီကားပေါင်း ၁၃ ကား ကို ပြသထားရာမှာ ကားတကားကို ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ ရောင်းဈေးသတ်မှတ်ထားပါတယ်။
ပန်းချီကားရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် လှူသွားမယ်လို့ ပန်းချီဆရာ အမ်ပီပီရဲမြင့်က ပြောပါတယ်။