A d v e r t i s e m e n t With Us

မူဆယ်မြို့တွင် ရန်ကုန်မှလာသည့် ပရဟိတယာဉ်မောင်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ရန်ကုန်ကနေလာတဲ့ ပရဟိတယာဉ်မောင်းတစ်ဦး ထံက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ မူဆယ်ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးသောင်းထွန်း က ပြောပါတယ်။ လူနာဟာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ကဖြစ်ပြီး ယာဉ်လိုင်းတွေ မထွက်တာကြောင့် အခက်အခဲဖြစ်နေတဲ့ မူဆယ်ကဒေသခံ တစ်ဦးကို နေရပ်ပြန်ဖို့ကူညီပို့ဆောင်ပေးတာဖြစ်ပါတယ်။  မူဆယ်ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးသောင်းထွန်းက “သူက ဘယ်ကနေကူးလာလဲတော့ မသိဘူး။ မူဆယ်ရောက်လာတော့ ကျနော်တို့ ကောက်စစ်လိုက်တဲ့အချိန် ပိုးရှိနေပါတယ်။ ခုတော့ မူဆယ်ဆေးရုံ တင်ထားပါပြီ”လို့ ပြောပါတယ်။  မူဆယ်မြို့မှာ ပိုးတွေ့လူနာ ၅ ဦး ရှိပြီဖြစ်ပြီး အားလုံး ကျန်းမာရေးကောင်းမွန်နေပါတယ်။ သတင်း - နန်းစပယ်

A d v e r t i s e m e n t With Us

More News
Up