တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်တွင် အန်အယ်လ်ဒီ ထောက်ခံလှည့်လည်သူများ ဖမ်းဆီးခံရ
DVB
·
October 8, 2020
မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်နဲ့ ရွှေလီမြို့တွေမှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်မနက်ပိုင်းက အန်အယ်လ်ဒီပါတီထောက်ခံသူ ၃၀၀ လောက်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ရွှေလီမှာရှိတဲ့ မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေက ပြောပါတယ်။
အန်အယ်လ်ဒီ ထောက်ခံလိုလားသူတွေဟာ အန်အယ်လ်ဒီ ပါတီတံဆိပ်ပါ တီရှပ်တွေဝတ်၊ Mask တွေ တပ်ဆင်၊ အလံတွေကို ကိုင်ဆောင်ပြီး ဆိုင်ကယ်ကိုယ်စီနဲ့ အန်အယ်လ်ဒီနိုင်ရမည်လို့ လှည့်လည်ကြွေးကြော်စဉ်မှာ တရုတ်ရဲက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ကျယ်ဂေါင်နဲ့ရွှေလီမြို့ထဲကို ဆိုင်ကယ်တွေနဲ့လှည့်လည်ခဲ့တဲ့ အတွက် တရုတ်ရဲက ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။
တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ဥပဒေအရ ဖမ်းဆီးတာလို့ သိရပြီး မြန်မာပြည်ဘက်ကို ပြန်လွှဲပို့ ခြင်းရှိမရှိတော့ မသိရသေးပါဘူး။
သတင်း- ဇော်မိုးထက် (ဖားကန့် )