ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပမည်

၂၀၁၃ ခုနှစ် ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်မယ့် ၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုက်ရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို လာမယ့် ဩဂုတ် ၆-၇-၈ ရက်နေ့တွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ဒီမိုကရေစီမိတ်ဆွေအင်အားစုအားလုံးကို ဖိတ်ကြားထားပါတယ်။ ဒီအခမ်းအနားကို တက်ရောက်သူအားလုံး တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အနှစ်သာရ ပြည့်ဝစွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

More News
Up