ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုနှစ်ကုန်တွင် အဆင်သင့်ဖြစ်နိုင်မည်ဟု WHO ပြော
DVB
·
October 7, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေး ဒီနှစ်ကုန်မှာ အဆင်သင့်ဖြစ်နိုင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက အောက်တိုဘာလ ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ (WHO) ညွှန်ချုပ် တက်ဒရိုက ပြောဆိုခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ မပြောကြားခဲ့ပါဘူး။
WHO က ဦးဆောင်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေး အစီအစဉ် COVAX ရဲ့ လုပ်ငန်းစဉ်ထဲမှာ စမ်းသပ်ဆဲ ကာကွယ်ဆေး ၉ မျိုး ပါဝင်ပါတယ်။ လာမယ့် ၂၀၂၁ နှစ်ကုန်မှာ ကာကွယ်ဆေး ၂ ဘီလီယံ ဖြန့်ဝေဖို့ ရည်ရွယ်ထားတယ်လို့ WHO ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။