Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးကို သာသနာညှိုးနွမ်းအောင်လုပ်မှုဖြင့် တရားစွဲ
မျိုးဇော်လင်း
·
July 10, 2013
မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် မြန်မာနိုင်ငံကို သင်္ကန်းဝတ်နဲ့ ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဇူလိုင် ၉ ရက်နေ့ နေ့ခင်းပိုင်းက ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ပိုလိုတည်းခိုခန်းမှာ သင်္ကန်းဝတ်နဲ့ သံဃာ ၂ ပါး ရောက်ရှိတည်းခိုပြီး အရပ်ဝတ်နဲ့ ထမင်းထွက်စားတယ်ဆိုတဲ့ သတင်းအရ စစ်ဆေးခဲ့တာပါ။ [caption id="attachment_41468" align="alignright" width="300" caption="(ဓာတ်ပုံ - Yangon Police)"][/caption] အသက် ၃၀ နီးပါးအရွယ် ပါစူကျစ်ဘာရနဲ့ အန်တာဘာရုတို့ ၂ ယောက်စလုံးဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး မလေးရှားမှာ သွားအလုပ်လုပ်ဖို့ ဘန်ကောက်ကနေတဆင့် ၀င်ရောက်ခဲ့တာကို ရဲက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ စခန်းက ရဲအုပ် အောင်နိုင်မြင့်က ဒီ ၂ ဦးကို ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲသလို  မလေးရှားနိုင်ငံကို ပို့ဆောင်ပေးဖို့ စီစဉ်တဲ့ သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက်နေ လင်မယားစုံတွဲတတွဲကိုလည်း ဖမ်းဆီးမိပြီး လူကုန်ကူးမှုနဲ့ စွဲဆိုထားတယ်လို့ ရဲအုပ်အောင်နိုင်မြင့်က  ပြောပါတယ်။ “အဲဒီ ၂ ယောက်ကနေပြီးတော့မှ အစီအစဉ်ဆွဲပေးတာပေါ့။ သူတို့ ၂ ယောက် စလာတော့ ဘင်္ဂလားဒေ့ရှ်ကနေ လာတယ်။ ထိုင်းမှာ လေယာဉ်ပြောင်းစီးတယ်၊ ရန်ကုန်ကို ၀င်လာတယ်ပေါ့။ အခု သူတို့ ၂ ယောက်ကို စပြီးတော့ ဟိုဟာ (ဖမ်းဆီး) လုပ်လိုက်တယ်၊ မွတ်စလင် ဇနီးမောင်နှံ ၂ ယောက်ကိုလည်း ခေါ်လို့ရပြီး စစ်နေတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၇/ ၃၇၀ နဲ့လေ အရေးယူဖို့ ရှိပါတယ်။ ကျနော်က ဒီအမှုရဲ့ တရားလိုပါ။” ဒီအမှုဟာ သူတို့မြို့နယ်တွင်းမှာ ပထမဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး  မှုခင်းပညာပေးအစီအစဉ်တွေ လုပ်ပြီး ပြည်သူလူထုကို ချပြသွားမယ်လို့ သူက ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024