Home
မြန်မာသတင်း
ကလော စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် ကိုဗစ်-၁၉ စတင်စစ်ဆေး၊ ၁ ဦး ပိုးတွေ့
DVB
·
October 3, 2020
အောက်တိုဘာ ၃ ရက် မနက်က ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ကလောမြို့နယ် ရေယားရွာအနီးမှာ Rapid Test Kit နဲ့ စတင်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ၁ ဦးမှာ ပထမဆုံး ပိုးတွေ့ရှိခဲ့တယ်လို့ ကလောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ပြောပါတယ်။ “ပိုးတွေ့ရှိသူဟာ ရန်ကုန်ဘက်က ကုန်တင်ယာဉ်မောင်းနှင်လာသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ ဒီနေ့ စစစ်ပေးနေတာ လွန်ခဲ့တဲ့ တနာရီလောက်ကတော့ အယောက် ၁၄၀ ကျော်ရှိပြီ။ နောက် ၂၀၀ လောက်တန်းစီနေတယ်။” ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွာရန်တင်းစင်တာမှာလည်း အောက်တိုဘာ ၂ နေ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကြေညာချက်အရ ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024