ညောင်ဦးတွင် ကိုဗစ်-၁၉ လူနာသစ် ၂၅ ဦး ထပ်တွေ့
DVB
·
October 3, 2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြိုနယ်မှာ စက်တင်ဘာ ၂ ရက်နေ့က ကိုဗစ်-၁၉ လူနာ ၂၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ညောင်ဦး ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက “အကုန်လုံးက ရန်ကုန်ပြန် Quarantine ဝင်နေရတဲ့ လူတွေပါ။ အောက်တိုဘာ ၂ ရက်မနက်က ၁၃၂ ယောက် swab ပို့လိုက်တာ။ သူတို့အားလုံးကို ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ကုသမယ်” လို့ ပြောပါတယ်။
ညောင်ဦးမြို့နယ် အနောက်အုံ ကျေးရွာ မှာ ၁ ဦး၊ ကောင်းပင်စည် ကျေးရွာမှာ ၂ ဦး၊ ကြို့ပင်သာ ကျေးရွာမှာ ၂ ဦးနဲ့ ရွာလု ကျေးရွာက ၂၀ မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ညောင်ဦး ခုတင် ၂၀၀ ပြည်သူဆေးရုံကြီးမှာ လက်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆ ဦး ရှိပြီဖြစ်ပြီး အဆောင်တိုးချဲ့တာတွေ ပြုလုပ်နေတယ်လို့ ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီးဆီက သိရပါတယ်။
ကိုလင်း(ချောက်)