ဒဂုံဆိပ်ကမ်း၌ ကွာရန်တင်းဝင်နေသူ ၁၀၇ ဦးထဲက ၅၀ ကျော် ရောဂါပိုးတွေ့
DVB
·
October 2, 2020
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Quarantine Centre တွေမှာ Quarantine ဝင်နေသူ ၁၀၇ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ အယောက် ၅၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲ့ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးမူယာကျော်က အောက်တိုဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
အသေးစိတ်စာရင်းတွေကိုပြုစုပြီး ကြေညာပေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဩဂုတ် ၂၈ ရက်ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၃ ယောက်ရှိနေပြီဖြစ်ပါတယ်။
အဲ့ဒီထဲမှာ ၉၄ ရပ်ကွက်ကအ များဆုံးဖြစ်ပြီး သေဆုံးသူ ၁ ယောက်ရှိတယ်လို့ သိရပါတယ်။
သတင်း - အိသဇင်ခိုင်