စိုက်ပျိုးစရိတ်ချေးငွေ မှန်ကန်တိကျမှု ရှိစေလို
DVB
·
July 9, 2013
ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် မိုးညိုမြို့နယ်မှာ ဇူလိုင် ၇ ရက်နေ့ မှာ အစိုးရက ထုတ်ချေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေများနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မှန်ကန်မှု မရှိခဲ့သလို အခုအချိန်မှာလည်း မသမာမှုတွေ ရှိနေပါတယ်။
လယ်သမား အစစ်အမှန်တွေကို အတိအကျ ထုတ်ချေးပေးတဲ့ စနစ်ကောင်းဆိုတာ ဒီနေ့ အချိန်အထိ ထွက်ပေါ်မလာသေးသလို လယ်သမားတွေအနေနဲ့လည်း အတိုးနှုန်း သက်သာတာကြောင့် လူတိုင်းကိုယ်စီ မျှော်လင့်နေကြတာတော့ အမှန်ပါ။
ခုလို ၁ ဧကကို ၁ သိန်းနှုန်း ထုတ်ချေးတော့ လယ်သမားတိုင် ထုတ်ချေးချင်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့မြို့မှာ ယခုအချိန်အထိ လက်သင့်ရာစားတော်ခေါ်ဆိုတဲ့ ဆောင်ပုဒ်ကြီးက တည်မြဲနေတုန်းပါပဲ။ အဲ့အတွက်ကြောင့် မှန်ကန်တိကျမှုမရှိသလို တကယ့်လယ်လုပ်တဲ့ လယ်သမားတွေ စိုက်စရိတ်ချေးငွေ မရဘဲ ဖြစ်နေတုန်းပဲ ဆိုတာ ရင်ဖွင့်လိုက်ပါတယ်။
လယ်သမားတဦး