Home
သတင်းဓာတ်ပုံ
ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)ရှိ ကိုဗစ်-၁၉ လူနာ ၁၃၀ ကျော် ဆေးရုံမှဆင်း  (ဓာတ်ပုံ)
DVB
·
October 1, 2020
ရန်ကုန် သုဝဏ္ဏမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနမှာ တက်ရောက် ဆေးကုမှုခံယူနေတဲ့  ကိုဗစ်-၁၉ အတည်ပြုလူနာဟောင်း ၁၃၀ ကျော်ကို စက်တင်ဘာ ၃၀ ရက်မှာ  ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ)မှာ ကိုဗစ်-၁၉ ရောဂါလူနာ အမျိုးသား ၁၅၇ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ လူနာစုစုပေါင်း ၃၅၆ ဦးကို ကုသမှုပေးနေတာဖြစ်ပြီး နေပြန်ကောင်းသွားတဲ့ အတည်ပြုလူနာဟောင်း ၁၃၀ ကျော်ကို စက်တင်ဘာ ၃၀ ရက်မှာ  ဆေးရုံက ဆင်းခွင့်ပြုလိုက်တာပါ။ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ) ကို စက်တင်ဘာ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ရွက်ဖျင်တဲတွေနဲ့ ကုသဆောင် ၄ ဆောင်၊ အထူးကြပ်မတ်ကုသခန်း (ICU) ၄ ခန်းနဲ့ စတင်ခဲ့ပြီး အခုလက်ရှိမှာ လူနာ ၅၇၀ အထိ လက်ခံကုသနိုင်ပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန (သုဝဏ္ဏ) မှာ ဆရာဝန် ၁၆ ဦး၊ သူနာပြု ၂၂ ဦး၊ မြန်မာနိုင်ငံကြက် ခြေနီအသင်းဝင် ၃၀ နဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ကျော်နဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကုသ ရေးဌာန (သုဝဏ္ဏ) ကို သုဝဏ္ဏ မြက်ခင်းပြင်ဘောလုံးကွင်းမှာ စက်တင်ဘာ ၁၂ ရက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေအပါအဝင် ကုသမှုခံယူမယ့် လူနာတွေနဲ့ ကုသရေးတာဝန်ရှိသူတွေရဲ့ နေထိုင်စားသောက်ရေးတို့ကို ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။ Photo - MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024