A d v e r t i s e m e n t With Us

အင်းစိန် ဓမ္မဝါဒီစာသင်တိုက်က  သီလရှင်အပါး ၃၀ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဓမ္မဝါဒီစာသင်တိုက်က သီလရှင်ဆရာလေး ၆၈ ပါးကို ဆေးစစ်ခဲ့ရာမှာ  သီလရှင်အပါး ၃၀ မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ စာသင်တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာ​မှာ စက်တင်ဘာ ၃၀ ရက်က  ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း  ပဓာနနာယကဆရာကြီးနဲ့ ဆရာလေး ၁၀ ပါးကို ရောဂါပိုးစစ်ဆေးခဲ့ရာ သီလရှင်ဆရာလေး ၆ ပါးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဆရာလေး ၆ ပါးနဲ့ထိတွေ့သူတွေကို ထပ်မံ စစ်ဆေးခဲ့ရာ သီလရှင် အပါး ၃၀ မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အရင်တွေ့ရှိခဲ့တဲ့ ဆရာလေး ၆ ပါးကိုတော့ အစိုးရကျန်းမာရေးနဲ့ တပ်မတော်ကျန်းမာရေး တို့က ပူးပေါင်းပြီး မှော်ဘီ တပ်မတော်ကျန်းမာရေးကုသစင်တာမှာ ကုသပေးနေပါတယ်။ သတင်း - အိသဇင်ခိုင်

A d v e r t i s e m e n t With Us

More News
Up