A d v e r t i s e m e n t With Us

မိုးညှင်းခရိုင်ဆေးရုံကြီး ဆရာဝန်၂ ဦးနှင့် သူနာပြု ၂ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဆေးရုံကြီးက ဆရာဝန် ၂ ဦးနဲ့ သူနာပြု ၂ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတယ်လို့ ဆေးရုံအုပ်ကြီးက ဒီနေ့မနက် ပြောပါတယ်။ "Child Ward က ကလေးအထူးကုဆရာဝန်နဲ့ အဲဒီ ward မှာ တာဝန်ကျတဲ့ လက်ထောက်ဆေးရုံအုပ်ဆရာဝန်မတဦး၊ နောက်စစ္စတာတဦးနဲ့ သူနာပြုဆရာမတစ်ဦး လေးဦးမှာ ပိုးတွေ့အဖြေထွက်ထားပါတယ်။ လောလောဆယ် ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့အတွက် ထပ်ပြီး ကူးစက်ပြန့်ပွားမှု မရှိအောင် ချက်ချင်းစစ်ပြီး ဆက်စပ်ထိတွေ့သူမှန်သမျှ နေအိမ်ကန့်သတ် ကွာရန်တင်းဝင်၊ တို့ဖတ်နမူနာတွေယူ လုပ်ထားပြီးပြီ” လို့ ဆေးရုံအုပ်ကြီး ဒေါ်လာမာမီးက ပြောပါတယ်။ မိုးညှင်းဆေးရုံမှာ ပိုးတွေ့လူနာ မိခင်နဲ့ ၅ နှစ်သမီး သားအမိ ၂ ဦးအပါအဝင် လူနာ ၇ ဦးကို ကုသနေတာဖြစ်ပြီး လူနာ ၆ ဦးက ဘယ်လိုကူးစက်ခဲ့တယ်ဆိုတာ မသိရတဲ့အတွက် ဒေသခံတွေ မလိုအပ်ဘဲ ဆေးရုံမလာဖို့နဲ့ မိမိတို့ကျေးရွာတွေက ကျန်းမာရေးဌာန ကျန်းမာရေးမှူးတွေနဲ့ အရင်တိုင်ပင်ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။ မိုးညှင်းဆေးရုံမှာ ပထမဆုံးပိုးတွေ့လူနာအမှတ် ၁၄၄ ကတော့ ပိုးကင်းစင်သွားပြီလို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း

A d v e r t i s e m e n t With Us

More News
Up