Home
မြန်မာသတင်း
မြစ်ကြီးနားတွင် လေပြင်းကြောင့် သစ်ပင်များကျိုးကျပြိုလဲ၊ ၁ ဦးဒဏ်ရာရ
DVB
·
October 1, 2020
120506495_2920691521404235_3597101758394683243_n
120468113_2920691478070906_8626879026744731788_n
120244738_2920691328070921_5771928193480710722_n
120220332_2920691198070934_7967834956900228771_n
120195221_2920691241404263_7015684000888558043_n
120160379_2920691418070912_1941990274702477329_n
စက်တင်ဘာ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ သစ်ပင်တွေ ကျိုးကျပြိုလဲတာတွေဖြစ်ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  သီတာရပ်ကွက်မှာ SURF အမျိုးအစား (အနက်ရောင်)ယာဉ်ပေါ် ကျွန်းပင်ကျိုးကျခဲ့သလို ဧရာရပ်ကွက် အောင်ဆန်းလမ်းနဲ့ ရုံကြီးလမ်းထောင့်အနီးရှိညောင်ပင် အမြစ်က ပြိုလဲကျပြီး အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်ပေါ်ကို ပိမိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်က အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့လို့ မြစ်ကြီးနားပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024