အာကာသစခန်း လေယိုစိမ့်မှု အန္တရာယ်မရှိဟု နာဆာပြော

နိုင်ငံတကာအာကာသစခန်းမှာ ပုံမှန်ထက်ပိုများတဲ့ လေပမာဏ ယိုစိမ့်ခဲ့ပြီး ဒီလေယိုစိမ့်မှုဟာ ရုရှားနဲ့ အမေရိကန် အာကာသယာဉ်မှူးတွေအတွက် အန္တရာယ်တော့ မရှိဘူးလို့ အမျိုးသားလေကြောင်းနဲ့ အာကာသစီမံခန့်ခွဲရေးရုံး နာဆာက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ နိုင်ငံတကာအာကာသစခန်း ဒုမန်နေဂျာ ကဲန်နီတော့ဒ်က “လေယိုစိမ့်မှုဟာ အာကာသယာဉ်မှူးတွေ နေထိုင် အလုပ်လုပ်ရာ စက်ခန်းထဲက ရုရှား ယာဉ်မှူးတွေရဲ့ အစိတ်အပိုင်းထဲမှာလို့ ကျနော်တို့ ထင်တယ်။ ကျနော်တို့ဟာ စမ်းသပ်မှုက ရတဲ့ သတင်းအချက်အလက် အားလုံးကို ဆက်ပြီး စောင့်ကြည့်စစ်ဆေးနေတယ်”လို့  ပြောပါတယ်။ အမေရိကန် အာကာသယာဉ်မှူး ခရစ်ကတ်စ်စီဒီ၊ ရုရှားအာကာသယာဉ်မှူး အန်နာတိုလီ အိုင်ဗာနီရှင်နဲ့ အိုင်ဗန်ဗဂ်နာတို့ပါတဲ့ အဖွဲ့ဟာ လေယိုစိမ့်မှုကို လာမယ့်ရက်တွေအတွင်း အပြီးသတ် ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့လည်း နာဆာက ပြောခဲ့ပါတယ်။

More News
Up