Home
မြန်မာသတင်း
ညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံရ
နေဖြိုးဝင်း
·
September 30, 2020
ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူကို မနေ့ညက ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပါတယ်။ “ Confirmed ဖြစ်ပါတယ်။ မနေ့ည ၉ နာရီခွဲက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ(၂၂၄)အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာ ဖြစ်ပါတယ်။ ကျန်တာတွေက စိစစ်ဆဲ၊ ဖော် ထုတ်ဆဲဖြစ်ပါတယ်။ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးပါဘူး။ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းသာ ဖြေကြားလိုပါ တယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူကို စက်တင်ဘာလ ၂၉ ရက်ညက  ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ သွားရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ် ၁၁၃၀ နေရာမှာဝင်ပြိုင်မှာဖြစ်ပြီး  အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယအ နေရာ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီဖြစ်ပါတယ်။ နှင်းဆီပါတီဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024