Home
မြန်မာသတင်း
အိပ်မက်ဆုံရာတေးသံရှင် ဒေးဗစ်လိုင် ဝေဘာဂီဆေးရုံကြီးတွင် စေတနာ့ဝန်ထမ်းအလုပ်ဝင်
DVB
·
September 30, 2020
ချင်းတိုင်းရင်းသား လူငယ်အဆိုတော်တယောက်ဖြစ်တဲ့ ဒေးဗစ်လိုင်ဟာ လတ်တလော ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံကြီးမှာ စေတနာ့ဝန် ထမ်းအနေနဲ့ သွားရောက်တာဝန်ထမ်းဆောင်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေးဗစ်လိုင်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဓာတ်ပုံတပုံနဲ့အတူ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “အသက်ရှင်ချိန်က တိုတောင်းပါတယ်… သင်ချစ်ရမယ့်သူကို အပြည့်အဝ ချစ်ပေးပါ… သင့်ပတ်ဝန်းကျင်ကို တနေရာရာက အကျိုးပြုပါ” မတူပီမြို့ဇာတိ ချင်းတိုင်းရင်းသား ဒေးဗစ်လိုင်ကတော့ ပြီးခဲ့တဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ “ချစ်နေသော်လည်း”အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားခဲ့ကာ ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကလည်း မယ်လိုဒီဝေါတေးသံရှင် ဝတ်ရည်ထက်နဲ့ တွဲဖက်ပြီး တချိန်က မူရင်းအဆိုရှင် ထူးအိမ်သင်နဲ့ မို့မို့တို့ သီဆိုထားကြတဲ့ “မျက်စိမှိတ်ချစ်နေမယ်” သီချင်းကို ပြန်လည်သီဆိုမှုနဲ့ ထွက်ရှိထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေးဗစ်လိုင်ရဲ့ စေတနာ့ဝန်ထမ်းလုပ်ဆောင်မှုအပေါ် အနုပညာရှင်တွေကရော ပရိသတ်တွေကပါ ဘေးကင်းစေဖို့ ဆုတောင်းပြီး ချီးကျူးမှတ်ချက်တွေ ပေး နေခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေ ဖွဲ့စည်း ထားတဲ့ "We Love David Lai" အဖွဲ့က ဆေးရုံတာဝန်ကျ ဆရာဆရာမတွေ၊ လူနာတွေအတွက် အစားအသောက်တွေ လာရောက်လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024