Home
မြန်မာသတင်း
“ခက်ခဲပေမယ့် အတူတူ ကျော်ဖြတ်ကြမယ်။ အိမ်ထဲမှာပဲ နေကြစို့”-သရုပ်ဆောင်နိုင်းနိုင်း(ရုပ်သံ)
DVB
·
September 29, 2020
       လတ်တလော ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ မှာ သရုပ်ဆောင်မင်းသားနိုင်းနိုင်းက ပရိသတ်တွေကို မိမိတို့ အိမ်ထဲမှာပဲ နေထိုင်ပြီး ရော ဂါကူးစက်မှုက ကာကွယ်နိုင်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။        ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းတုန်းက မိသားစုရှိရာ အမေရိကန်နိုင်ငံကနေ မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းသား နိုင်းနိုင်းဟာ သီတင်း  ၃ ပတ် ကြာ ကွာရန်တင်းဝင်ခဲ့ရတာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ ရောဂါကူးစက်ခံရမှုမရှိပဲ နေအိမ်မှာ ပြန်လည်ရောက်ရှိနေ ပြီ ဖြစ်ကာ ပရိသတ်တွေကို ကျန်းမာရေးအတွက် သတိပြုဆင်ခြင်စရာတွေကို မျှဝေထား တာ ဖြစ်ပါတယ်။        “အားလုံးမင်္ဂလာပါ။ ကျနော် အိမ်ကနေ နှုတ်ဆက်ပါတယ်။ ကျနော် အကြံလေး တခု ပေးချင်ပါတယ်။ ၁၄ ရက်ဆိုတဲ့ ကာလဟာ အင်မတန်မှ တိုတောင်းလွန်းပါတယ်။ ကိုယ်အသက်ရှင်နေမယ်ဆိုရင် ၁၄ ရက်ထက်မက အသက်ရှင်ချိန်တွေ အများကြီး ရှိပါ သေးတယ်။ ကိုယ်ကိုယ်တိုင် သွားလာခဲ့တဲ့ နေရာတွေက ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် စိတ်မချရဘူးဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အသိစိတ်ဓာတ်လေးနဲ့ ၁၄ ရက်တိတိ အ သွားအလာ၊ အနေအထိုင် ဆင်ခြင်လိုက်ပါ။ ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က လူတွေပါ နှစ်အများကြီး အသက်ရှင်ချိန်ရအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ”     သရုပ်ဆောင် နိုင်းနိုင်းဟာ အနုပညာလောကမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းခဲ့ပြီး ဖြစ်ကာ လက်ရှိအချိန်ထိ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေရဆဲ ဖြစ်ပါ တယ်။ ပရိသတ်(Followers) ၃ သိန်းကျော်ရှိတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ သူ့ရဲ့ မိသားစုနဲ့ အမှတ်တရ ပုံရိပ်တွေ၊ ရုပ်သံတွေကို ပရိသတ်တွေအတွက် အမှတ်တရ မျှဝေပေးလေ့ ရှိပါတယ်။ လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေကြောင့် သက်ဆိုင်ရာ ကျန်းမာ ရေးဌာနက ရန်ကုန်တိုင်းမြို့နယ် ၄၄ မြို့နယ်ကို Stay At Home သတ်မှတ်ထားခဲ့တာမို့ ဒါကို ပြည်သူတွေအနေနဲ့ တဖက်တလမ်းက လိုက်နာနိုင်ကြဖို့ တိုက်တွန်းထားခဲ့တာ ဖြစ် ပါတယ်။ “အခုအချိန်က အိမ်မှာနေရမယ့် အချိန်ပါ၊ အခုအချိန်က မျှော်လင့်ချက်တွေ ရှင်သန် နေရမယ့် အချိန်ပါ၊ အခုအချိန်မှာ အကြင်နာကရုဏာ ထားရမယ့် အချိန်ပါ။ အခုအချိန်က တယောက်နဲ့ တယောက် အားပေးကူညီရမယ့် အချိန်ပါ။ ကိုယ့်အတွက်၊ ကိုယ့်မိသားစု အ တွက် လူသားအားလုံးအတွက် ဘေးကင်းလုံခြုံဖို့က မိမိတာဝန်ပဲ။ ခက်ခဲပေမယ့် အတူ တူ ကျော်ဖြတ်ကြမယ်။ အိမ်ထဲမှာပဲ နေကြစို့”        ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၅၆ ယောက် နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၁၁,၆၃၁ ယောက် ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024