စစ်တွေမြို့က ကိုဗစ်-၁၉ လူနာ အယောက် ၆၀ ဆေးရုံမှဆင်း
ပိုင်စိုး
·
September 29, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါ လူနာ အယောက် ၆၀ ကို ဆေးရုံကနေ မနေ့က ဆင်းခွင့်ပေးလိုက်တယ်လို့ ဝန်ကြီးချုပ် ဦးညီပုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးပါတယ်။
စစ်တွေမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ကုသခံနေသူတွေထဲက ပြန်လည်ကောင်းမွန်လာသူ အယောက် ၆၀ ကို အခမ်းအနားနဲ့ ဆင်းခွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
မနေ့ကအထိ စစ်တွေဆေးရုံကနေ ဆင်းခွင့်ရသူပေါင်း ၅၆၃ ယောက်ရှိပြီး မနေ့ကအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။
ဆင်းခွင့်ရတဲ့လူတာတွေကို ဆေးရုံဆင်းလက်မှတ်နဲ့ ပန်းစည်းတွေပေးခဲ့ပြီး အိမ်အရောက်လိုက်ပို့ခဲ့ကြသလို သူတို့ဟာ အိမ်မှာ အသွားအလာကန့်သတ်နေထိုင်ရဦးမှာ ဖြစ်ပါတယ်။