ပုံနှိပ်နှင့်ထုတ်ဝေ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ လက်မခံ
DVB
·
July 5, 2013
ဇူလိုင် ၄ ရက်မှာ ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)က သဘောမတူ လက်မခံနိုင်ဘူးလို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စာနယ်ဇင်းကောင်စီရဲ့ ဝေဖန်အကြံပြုချက်အများစု ပါဝင်ခြင်းမရှိဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ နဂိုမူလအတိုင်းပဲ ဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့အတွက် လက်မခံနိုင်တာလို့ အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါတယ်။
ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်း ကောင်စီတို့ရဲ့ ဆက်ဆံရေးအသေးစိတ်ကိုလည်း ဇူလိုင် ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။