မင်းဓမ္မ ကွာရန်တင်းစင်တာတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပြုတ်ကျသေဆုံး
DVB
·
September 29, 2020
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ မင်းဓမ္မပညာ့ရိပ်သာ ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးကျော်သက်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူဟာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ကွာရန်တင်းစင်တာရဲ့ (၁၁) ထပ် အမြင့်ကနေ မနက် လေးနာရီခွဲခန့်လောက်မှာ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီးတော့ သေဆုံးသူကို အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ်၊ ရဲစခန်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။
သတင်း- လွင်မိုးအောင်