Home
မြန်မာသတင်း
အောင်နိုင်ရေးနှစ်မျိုးအတွက် ဆောင်ရွက်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
September 28, 2020
120306050_3367119176709091_5469074133080811653_o
120304558_3367119800042362_3254880702301283208_o
120272210_3367119610042381_7067122233477343412_o
120262372_3367119503375725_5007436521262229526_o
120201538_3367119836709025_6243725229970047514_o
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ အခုနှစ်မှာ ရွေးကောက်ပွဲရော ကိုဗစ်-၁၉ ကပ်ရောဂါဘေးပါအောင်နိုင်ဖို့ အောင်နိုင်ရေးနှစ်မျိုးအတွက် ဆောင်ရွက်နေရတယ်လို့  ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၃၂ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းက ပါတီရုံးခွဲမှာပြုလုပ်ခဲ့ပြီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားခဲ့တာပါ။  ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်ဟာ ဒီနှစ်ဟာ ဘာလို့ ထူးထူးခြားခြားကျင်းပရလဲဆိုရင် ကျမတို့ဟာ ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေးလုပ်နေတဲ့ ကာလဖြစ်ပါတယ်။ အောင်နိုင်ရေးဆိုတာဟာ နိုင်ငံ့အတွက် အောင်နိုင်ရေးပါ။ ဒီနှစ်မှာတော့ ထူးထူးခြားခြား အောင်နိုင်ရေးနှစ်မျိုး၊ နှစ်ခုလုပ်ရပါတယ်။ ကျမတို့ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအတွက်သာမကဘူး ကိုဗစ်ရောဂါအတွက် အောင်နိုင်ရေးကိုပါ အားလုံးက ဝိုင်းဝန်းကြိုးစားနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ကိုက်ညီစွာ ဒီအခမ်းအနားကို ကျင်းပပါတယ်” လို့ ပြောပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ၃၂ နှစ်ပြည့်အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဝင်လူငယ်တွေနဲ့ စကားဝိုင်းအစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။  ဒီအခမ်းအနားကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျင်းပတာဖြစ်တဲ့အတွက် အခမ်းအနားပြုလုပ်ရာ ခြံဝန်းအတွင်းကို သတင်းမီဒီယာတွေအပါအဝင် ပါတီဝန်းရံသူတွေကို ဝင်ရောက်ခွင့်မပြုခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်က စတင်ထူထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီဟာ အခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ နှစ်ပေါင်း ၃၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။  သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024