Home
အနုပညာ
မြန်မာပြည်သိန်းတန်သီဆိုမှုဖြင့် နားဆင်ရမည့် “ပိတောက်ရိပ်ဝယ်”ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
September 27, 2020
“အို… ပိတောက်ရိပ်ဝယ်… အို… ပိတောက်ရိပ်ဝယ်… မှေးအိပ်လို့ မပျော်တယ်… မဖြေသာတွေး… ရွှေမာလာကလေး… သက်သေထားမိပါသေး… သာယာချစ်သွေးမျှဖွယ် … တသက်ပါ သစ္စာတွယ်… ကမ္ဘာတည်ရေး… ကံသီလျှင်ဝေး… အသည်းတွင် နွမ်းလျ ဆွေး” ဒါကတော့ တခေတ်တခါက ကျော်ကြားရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ထဲက တေး သွားစာသားတွေဖြစ်ပြီး နာမည်ကြီး ဝါရင့်အဆိုတော် မြန်မာပြည်သိန်းတန်က မြန်မာ့ရုပ် ရှင်ရာပြည့်ဂီတဖျော်ဖြေပွဲမှာ ပြန်လည်သီဆိုခဲ့တာ ဖြစ်ပါတယ်။  “ပိတောက်ရိပ်ဝယ်”အမည်ရတဲ့ ဒီဇာတ်ဝင်တေးကိုတော့ တေးရေး အလင်္ကာ ကျော်စွာ ရွှေပြည်အေးက ရေးဖွဲ့ထားပြီး ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် အဆိုတော်ဝင်းဦးက မူရင်းသီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၆၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဦးတင်ယုက တာဝန်ယူရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ဝင်းဦး၊ တင်တင်အေးနဲ့ နှင်းဆီတို့က ပါဝင်ခဲ့ကြပြီး ပရိသတ်တွေကြား အားပေးနှစ်ခြိုက်မှု အထူးရရှိခဲ့တဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့ပါတယ်။ “ပန်းအလှနွယ် သူဇာခင်ရယ်… အသင့်လိုချင် ကိုယ်ဘဝ ခဏမျှလဲလှယ်… ချစ်ကံ ငမွဲငယ် လွှဲအပ်ပါ့မယ်… မလှတယ် ဘဝဝယ်… အထင်တော်လွဲသမျှ ခံဖွယ်… အစစ မဖယ်… လေယူရာ တလွင့်လွင့်… ပိတောက်ပွင့်ကလေး… ချစ်ဖော်နဲ့လွဲရလို့… အသည်း နာသေး… ပိုကရိုမဖျောက်စိတ်… ငိုမလိုတစ်ယောက်မအိပ်… အို .....ပိတောက်ရိပ်ဝယ်” နှစ်ပေါင်း ၅၀ ကျော်နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ဒီသီချင်းကိုတော့ ခေတ်အ ဆက်ဆက် အဆိုတော်ပေါင်းများစွာက တကျော့ပြန်သီဆိုမှုတွေနဲ့ ပြန်လည်သီဆိုခဲ့ကြပြီး လက်ရှိအချိန်ထိ ခေတ်မီနေဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။        ခုတခါမှာတော့ မြန်မာ့ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ မြန်မာပြည်သိန်းတန်ရဲ့ ပိုင်နိုင်တဲ့ သီဆိုဟန်နဲ့ပရိသတ်တွေ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်း တို့နဲ့အတူ တူးတူး၊ အက်စ်ကဲနက်၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီ တအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024