DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Facebook Lead Story နိုင်ငံရေး သတင်း အနုပညာ

Project K သီဆိုသည့် “ကိုယ့်လက်နှင့်ရွေးချယ်”ရွေးကောက်ပွဲသီချင်းကို အန်အယ်လ်ဒီပါတီသို့ လှူဒါန်း

  • By DVB
  • 26 September 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က သီဆိုထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းတပုဒ်ကို အန်အယ်လ်ဒီပါတီကို စက်တင်ဘာလ ၂၅ ရက်နေ့က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကိုယ့်လက်နှင့်ရွေးချယ်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းဗွီဒီယိုကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ စိုးကိုကိုစိုးတို့ကတဆင့် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Project K အဖွဲ့က Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေဖို့အတွက် ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြပါတယ်။

မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့  ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိစဉ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ သူတို့အဖွဲ့ရဲ့ Stay Strong အမည်ရ မြူးဇစ်ဗွီဒီယိုတပုဒ် ထွက်ရှိထားခဲ့ပါတယ်။

သိပ်မကြာသေးခင်ကလည်း Project K အဖွဲ့ဟာ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နဲ့ တွဲဖက်ကာ  မိုးရာသီသဘင်ပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။

Tags: (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)Project Kကိုယ့်လက်နှင့်ရွေးချယ်ရွေးကောက်ပွဲသီချင်းလှူဒါန်းအန်အယ်လ်ဒီပါတီ

  • Previous story ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်နိုင်သည့် ကိရိယာ အခုရေ ၁ သိန်း မှာထားဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
  • Next story ကိုဗစ်ထိန်းချုပ်ရေး ညီညွတ်စွာမလုပ်ပါက သေဆုံးသူ ၂ သန်းထိ ရှိလာနိုင်ဟု WHO သတိပေး
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)

    • gallery

      ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
    • 02 အဆိုတော် လာဇရု ရုတ်တရက်ကွယ်လွန်
    • 03 မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း
    • 04 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
    • 05 အကြိုက်ဆုံးကစားသမား ၁၁ ဦး  အိုဇေးလ် ရွေးချယ်
    • 01 အဆိုတော် လာဇရု ရုတ်တရက်ကွယ်လွန်
    • 02 ကိုဗစ်ဆေးဖြန့်ချိရာတွင် ကိုယ်ကျင့်တရားပျက်သုဉ်းမှု ချောက်ကမ်းပါးပေါ်ရောက်နေဟု WHO ပြော
    • 03 ကိုဗစ်ကာလ အခက်အခဲ ကြုံနေရသည့် တံတားဦး ပဲမြစ်တောင်သူများ (ရင်ဖွင့်စာ)
    • 04 အမေရိကန်သွားမည့် ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းလူအုပ်ကို ဂွါတီမာလာတပ်ဖွဲ့ တားဆီး
    • 05 Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.