DVB Logo
Home
Lead Story
ပရိသတ်အချစ်တော် ရခိုင်လူငယ်အဆိုတော် SHINE သီချင်းသစ်-“ဖြစ်တည်မှု”(ရုပ်သံ)
DVB
·
September 25, 2020
ပရိသတ်အချစ်တော် ရခိုင်လူငယ်အဆိုတော် SHINE သီချင်းသစ်-“ဖြစ်တည်မှု”(ရုပ်သံ)
Donate to DVB

       “နေ့တိုင်း မင်းအကြောင်းတွေးမိနေသူ… ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး… စိတ်ကူးထဲလည်း မင်းတယောက်နဲ့ရူး… နင်မမြင်နိုင်တဲ့ ငါ့ရဲ့ ဖြစ်တည်မှု… ငါမင်းရဲ့ အ ပြုံးတွေနဲ့ ကမ္ဘာတည်ထားသူ… ငိုကြွေးမယ့် မျက်ရည်တွေ မမြင်ရက်ဆုံးလူ… ဒါငါ့ရဲ့ ဖြစ်တည်မှု… မင်းမသိပါဘူး”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ ပရိသတ်အချစ်တော် တေးသံရှင် SHINE ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

“ဖြစ်တည်မှု”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ SHINE က ကိုယ်တိုင်ရေး စပ်ထားခဲ့ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာပါ။

အာရ်အဲန်ဘီသီချင်းတွေနဲ့ ထူးခြားဆန်းသစ်တဲ့ ပုံစံတမျိုးနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့တဲ့ ရခိုင်လူငယ်အဆိုတော် SHINE ဟာ သိပ်မကြာခင်ကလည်း “1990” အမည်ရတဲ့ သီချင်းနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ကာ အဲဒီသီချင်းထဲမှာတော့ အဖေနဲ့ပတ်သက်ပြီး တခြားသီချင်းတွေနဲ့မတူ ထူးထူးခြားခြား ရေးသားဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

The Old You၊ အဆိုတော် နီနီခင်ဇော်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ Summer သီချင်းတွေနဲ့ နာမည်ကြီးတဲ့ SHINE ဟာ ၂၀၁၈ ခုနှစ်ကတည်းက Perfect အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့သူဖြစ်ပြီး လူငယ်ပရိသတ်တွေကြား ထင်ရှားတဲ့ တေးသံရှင်တယောက် ဖြစ်ပါတယ်။

မနှစ်က ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ကား-ထာဝရနှောင်ကြိုး-Now & Ever ထဲမှာ ပါဝင်သီဆိုခဲ့တဲ့ “လူယောင်ဆောင်”သီချင်းကတော့ သူ့ကို ပိုမိုလူသိများစေတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။

“တဖက်သတ် အချစ်က ပင်ပန်းလွန်းလှတယ်… မသာယာပါကွယ် ဝေးဝေးလေး က ငေးရတဲ့ဘဝမယ်… မင်းရဲ့ဘေးက လူချောလေးများနဲ့… မယှဉ်နိုင်ပါတယ် စိတ်အား ငယ်… ငါသာ မင်းရဲ့ ချစ်သူဖြစ်ခွင့်ရရင်ကွယ်… ဒီကမ္ဘာလောကထဲမှာ အပျော်ရွှင်ဆုံး လူ… ငါပဲ ဖြစ်မယ် ထင်တယ်”

လတ်တလော ထွက်ရှိလာခဲ့တဲ့ ဒီသီချင်းကိုတော့ SHINE က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းရုပ်သံကို ရက်ပိုင်းအတွင်း အင်တာနက်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013