Home
မြန်မာသတင်း
ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်
နန်းမြနဒီ
·
July 3, 2013
ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က  ၀ တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ  ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။ ၀ တပ်ဖွဲ့ဘက်ကလည်း မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊ လက်နက်မကိုင်ဆောင်ရလို့ ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း မိုင်းတုန်း၊  မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က အင်အား ၅၀၀ လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။ နှစ်ဘက်တပ် တင်းမာနေတဲ့ ကိစ္စကို ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမယ့် အကြောင်း ယူဒဗလျုအက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက ပြောပါတယ်။ ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင် န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူးဒေသ ၂ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024