Homeမြန်မာသတင်း
ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမည်ပျက်စာရင်းသွင်းမှု အမေရိကန်-မြန်မာ ဆက်ဆံရေးကို မထိခိုက်
ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမည်ပျက်စာရင်းသွင်းမှု အမေရိကန်-မြန်မာ ဆက်ဆံရေးကို မထိခိုက်
DVB
·
July 3, 2013
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တာဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးကို မထိခိုက်နိုင်ဘူးလို့ အစိုးရက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ လူပုဂ္ဂိုလ်တဦးကို ရည်ရွယ်တာ ဖြစ်ပြီးတော့ အစိုးရအဖွဲ့ကို ရည်ရွယ်တာ မဟုတ်တဲ့အတွက် ဆက်ဆံရေးကို ထိခိုက်နိုင်စရာ အကြောင်း မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
[caption id="attachment_41250" align="alignright" width="300" caption="ဒုဗိုလ်ချုပ်ကြီး သိန်းဌေး (ဓာတ်ပုံ - ရိုက်တာ)"][/caption]
ဇူလိုင် ၂ ရက်နေ့ ရက်စွဲနဲ့ မြန်မာနဲ့ မြောက်ကိုးရီးယား တရားမ၀င် လက်နက် ရောင်းဝယ်ရာမှာ ပါဝင်ခဲ့တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံးရဲ့အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ထည့်သွင်းလိုက်တာဟာ အစိုးရအဖွဲ့ကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ကို မြန်မာအစိုးရက တုံ့ပြန်ပြောဆိုလိုက် တာလည်း ဖြစ်ပါတယ်။
ဒီလိုအရေးယူလိုက်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေက ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနဲ့ ငွေကြေးအရ ပတ်သက်ဆက်နွှယ် လွှဲပြောင်းလို့ မရတော့သလို အမေရိကန်မှာ သူပိုင်တဲ့ ပစ္စည်းတွေရှိရင်လည်း ထုတ်သွင်းလို့ မရအောင် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။
၂၀၁၂ နိုဝင်ဘာမှာ မြန်မာအစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄နဲ့ အညီ မြောက်ကိုးရီးယားဆီကနေ စစ်ရေးလက်နက်တွေ ၀ယ်ယူတာနဲ့ အကူအညီတွေ ရယူတာတွေ တားမြစ်ထားတာကို လိုက်နာမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာက မြောက်ကိုရီးယားဆီကနေ စစ်လက်နက်ပစ္စည်းတွေ မ၀ယ်ယူဖို့ တားမြစ်ထားတာကို ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက လျစ်လျူရှုခဲ့တယ်လို့ အမေရိကန် အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးအောက်က အရာရှိတဦးဖြစ်တဲ့ ဒေးဗစ် ကိုဟင် (David Cohen) က ထုတ်ပြန်ချက်ကနေ စွပ်စွဲပြောဆိုပါတယ်။
ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။