A d v e r t i s e m e n t With Us

ပြင်သစ်အိုးပင်းပြိုင်ပွဲဝင်မည့် တင်းနစ်ကစားသမားနှင့်နည်းပြများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမစခင် ကစားသမားနဲ့နည်းပြတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုတွေကြောင့် နုတ်ထွက်မှုတွေ ရှိလာပါတယ်။  ဂရင်းစလင်းပြိုင်ပွဲတရပ်ဖြစ်တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်ကနေ  အောက်တိုဘာ ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။  စက်တင်ဘာ ၂၁ ရက်ကတည်းက အမျိုးသားနဲ့အမျိုးသမီး ကစားသမား ၆ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် နုတ်ထွက်စေခဲ့တယ်လို့ ပြိုင်ပွဲကျင်းပရေးက အတည်ပြုခဲ့ပါတယ်။  ဒါ့အပြင် တခြားကစားသမား ၂ ဦးနဲ့ နည်းပြ ၁ ဦးမှာ ပိုးတွေ့ရှိခဲ့ရပြီး အဲဒီနည်းပြနဲ့ နီးစပ်မှုရှိခဲ့တဲ့ ကစားသမား ၃ ဦးဟာလည်း နုတ်ထွက်ခဲ့ရပါတယ်။  ပြိုင်ပွဲတာဝန်ရှိသူတွေဘက်ကတော့ တရက်ကို ပရိသတ် ၅ ထောင်လောက်ထိ ကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ စီစဉ်ထားပါတယ်။  နာမည်ကြီးကစားသမားတွေဖြစ်တဲ့ အန်ဒီမာရေး၊ အလန်စန္ဒားဇဗာရက်ဗ်၊ စတမ်ဝေါ်ရမ်ကာ အစရှိတဲ့ သူတွေကတော့ လေ့ကျင့်ပြင်ဆင်တာတွေ လုပ်ခဲ့ကြပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up