Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ် ကျေးရွာ ၅ ရွာမှ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး
DVB
·
September 24, 2020
120037725_378981726457560_1783307890371218779_n
120049277_378981536457579_1665600462607497246_n
120081181_378981606457572_7300527839815576254_n
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်  ကျေးရွာ ၅ ရွာက ဒေသခံ ၁၀၀၀ ကျော်လောက် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး စက်တင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက စစ်တွေမြို့ပေါ်ကို စက်လှေတွေနဲ့ ထွက်ပြေးလာကြတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက " ဟုတ်ပါတယ်။ မနေ့က ကျေးရွာ ၅ ရွာလောက်ထွက်ပြေးကြတယ်လို့သိရတယ်။ တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်ပြီးပြေး ကြတယ်လို့သိရတယ်။" လို့ပြောပါတယ်။ ထွက်ပြေးလူသူတွေဟာ မိုးစဲကျွန်းရှိကျေးရွာတွေဖြစ်တဲ့  ကူတောင်ကျေးရွာ၊ ဥဂါကျေးရွာ၊ မင်းကွန်းချောင်းကျေးရွာ၊ ရွှေလောင်းတင်ကျေးရွာနဲ့  ကန်ပြင်ကျေးရွာတွေက ရွာသားတွေ ဖြစ်ပြီး  စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ အဆိုပါ ကျွေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကို  အစည်းအဝေး ခေါ်ထားတယ်လို့ သိရပါတယ်။ မေယုမြစ်ထဲက တပ်မတော်ရေယာဉ်တွေက ကူတောင်ကျေးရွာဆိပ်ကမ်းကို ရောက်ရှိလာကာ တပ်မတော်သားတွေ ကမ်းပေါ်တက်လာကြတဲ့အတွက် တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပြီး  ထွက်ပြေးကြရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က "မနေ့ကထွက်ပြေးကြတာ  အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်။ တပ်မတော်က ကမ်းတက်လာရင် တိုက်ပွဲဖြစ်မှာထက် ဥဂါရွာလို ဖြစ်စဉ်တွေ နောက်ထပ်ဖြစ်လာမှာကို အလွန်စိုးရိမ်ကြတယ်လို့ ရွာသူရွာသားတွေကပြောကြတယ်။" လို့ ဆိုပါတယ်။ ထွက်ပြေးလာတဲ့ ဒေသခံ ၁၀၀၀ လောက်ဟာ စစ်တွေဘက်ကမ်းရှိ ပါတလိပ်ကျေးရွာနဲ့ စစ်ကိုင်းကျေးရွာတွေအပြင် စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေထံမှာ ခိုလှုံနေကြပါတယ်။ စက်တင်ဘာ ၁၇ ရက်ကလည်း ရွှေလောင်းတင်ကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မေယုမြစ်ထဲမှာ တပ်မတော်ရေယာဉ်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေလောင်းတင်ကျေးရွာက ရွာသားတွေထွက်ပြေးသွားခဲ့ကြရာက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ ၁ ဦးသေဆုံးက ၂ ဦးဒဏ်ရာရှိခဲ့ပါတယ်။ ခုလို  ရသေ့တောင်မြို့နယ်က  ဒေသခံ ရွာသား ၁၀၀၀ ကျော်လောက်ထွက်ပြေးတဲ့ အချိန်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံတင်ပြချိန်နဲ့ တိုက်ဆိုင်နေပါတယ်။  သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024