မွန်ညီညွတ်ရေးပါတီ(MUP) ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
DVB
·
September 24, 2020
၂၀၂၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာမှာ စက်တင်ဘာ ၂၃ ရက်က ပါတီအောင်နိုင်ရေးအတွက် ကျေးရွာတွေကို လှည့်လည် မဲဆွယ်စည်းရုံးနေပါတယ်။
ပေါင်မြို့နယ်မှာ ရပ်ကွက်/ကျေးရွာပေါင်း ၅၈ ခုရှိတဲ့အနက် ထန်းပင်ချောင်ကြီးကျေးရွာမှာ အိမ်ခြေပေါင်း ၁၃၀၀ ကျော်ရှိပြီး လူဦးရေစုစုပေါင်း ၉၀၀၀ ကျော်နေထိုင်ကာ မွန်လူမျိုးအများစု နေထိုင်ကြတာဖြစ်ပါတယ်။
မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့က မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။
ပါတီအနေနဲ့ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုနဲ့အတူ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက်မျှော်မှန်းထားကြောင်း ပါတီရဲ့ရွေးကောက်ပွဲကြေညာ စာတမ်းမှာ ဖော်ပြထားပါတယ်။
သတင်း- ယူမင်းစိုး