Home
မြန်မာသတင်း
ဂျပန်ရောက် မြန်မာများ အောက်တိုဘာ ၃ ရက်နေ့ ကြိုတင်မဲ စပေးရမည် 
ဇော်ဇော်လှိုင်
·
September 23, 2020
119853406_10224361421761131_235853295789239002_o
၂၀၂၀  အထွေထွေရွေးကောက်ပွဲအတွက်  ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေအနေနဲ့ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသံရုံးမှာ အောက်တိုဘာ ၃ ရက်ကစပြီး ကြိုတင်မဲဆန္ဒပေးနိုင်တယ်လို့ တိုကျိုမြန်မာသံရုံးက ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံ နေရာအနှံ့အပြားမှာ ရောက်ရှိနေကြတာဖြစ်လို့ တိုကျိုမြို့တော်နဲ့ ကန်တိုဒေသနေထိုင်သူတွေကို အောက်တိုဘာ ၃ ရက်မှ  ၉ ရက်အထိနဲ့ ကျန်‌တဲ့ပြည်နယ်မှာ နေထိုင်သူတွေအနေနဲ့ အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိ  မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ မဲလာရောက်ပေးနိုင်တယ်လို့ ကြေညာထားပါတယ်။ ဒါအပြင်၊ မြန်မာနိုင်ငံသားတွေ ဒုတိယအများဆုံး နေထိုင်တဲ့ Tokai တိုးခိုင်းဒေသရှိ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအတွက် မဲရုံခွဲကို နဂိုယာမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှာ ဖွင့်လှစ်မှာဖြစ်ပြီး ကြိုတင်မဲပေးရမယ့် နေ့ရက်မှာ အောက်တိုဘာ ၄ ရက် မှ ၅ ရက်အထိဖြစ်တယ်လို့ ဆိုထားပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား လုပ်အားပေး လူငယ်တွေနဲ့ တိုကျိုမြို့မြန်မာသံရုံးက တာဝန်ရှိဝန်ထမ်းတွေ ပူးပေါင်းကောက်ယူခဲ့ကြပြီး ကြိုတင်မဲ ပေးခွင့်တောင်းခံသည့် ပုံစံ(၁၅)လျှောက်ထားသူ ၈၀၀၀ လောက် ရှိကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အချိန်မီ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024