မော်တော်ယာဉ် နံပါတ် အင်္ဂလိပ်လို ဖော်ပြမည်

3.4K
လက်ရှိ ထုတ်ပေးထားတဲ့ မော်တော်ယာဉ် နံပါတ်ဟောင်းတွေမှာ ဒေသအလိုက် အမှတ်အသားတွေ ဖော်ပြတော့မှာဖြစ်ပြီး အသစ်ထုတ်ပေးမယ့် နံပါတ်ပြားတွေကိုတော့ အင်္ဂလိပ် အက္ခရာ ဂဏန်းတွေနဲ့ ဖော်ပြသွားမယ်လို့ ကညနက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ထုတ်ပေးထားပြီးသား မြန်မာအက္ခရာ ဂဏန်းနဲ့ နံပါတ်ပြားတွေကိုလည်း နောက်ပိုင်း ယာဉ်မှတ်ပုံတင်လုပ်တဲ့အခါ အင်္ဂလိပ် အက္ခရာနဲ့ ဂဏန်း ပြောင်းလဲပေးမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ နံပါတ်ပြားအားလုံး အင်္ဂလိပ်အက္ခရာ ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။
နမူနာအနေနဲ့ ရန်ကုန်တိုင်းက ယာဉ်တွေကို YGN, မန္တလေးတိုင်းက ယာဉ်တွေကို MDY၊ နေပြည်တော်က ယာဉ်တွေကို NPD အမှတ်အသား သတ်မှတ်သွားမှာဖြစ်ကြောင်း၊ နံပါတ်တွေကတော့ လက်ရှိ ၄စ- ၅၆၉၀ နံပါတ်ဟာ နောင် 4F-5690 ဖြစ်လာမယ်လို့ ကြေညာထားပါတယ်။