DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ကျန်းမာရေး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း

ပုသိမ်တွင် အထည်ချုပ်အလုပ်သမား ၃ ဦး အပါအဝင် ၆ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

  • By DVB
  • 22 September 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့က အထည်ချုပ်အလုပ်သမား ၃ ဦး အပါအဝင် စုစုပေါင်း ၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံထားရတယ်လို့ ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီးက သိရပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ အထည်ချုပ်အလုပ်သမား ၃ ဦးဟာ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးနဲ့ အတူ အလုပ်သွား အလုပ်ပြန် ဖယ်ရီစီးတဲ့သူတွေဖြစ်တော့ ဟီရှန်းအထည်ချုပ်ဝန်ထမ်းရဲ့ နောက်ဆက်တွဲဖြစ်မယ် ယူဆတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

“ပထမဆုံးစတွေ့တဲ့ အထည်ချုပ်ဝန်ထမ်းနဲ့ ဖယ်ရီအတူတူ စီးတဲ့ ညီအစ်မ နှစ်ယောက်နဲ့ ပထမ ဆုံးပိုးတွေ့တဲ့သူနဲ့ အလုပ်အတူတူဆင်းတဲ့ စက်ရုံက တစ်ဦးပေါ့၊ အားလုံးတွေ့တာတော့ ခြောက် ဦးပါ၊ အဲ့အထဲမှ အထည်ချုပ်က သုံးဦးပါတယ်၊ သူတို့နဲ့ သက်ဆိုင်တဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမှာပါ”လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထည်ချုပ်အလုပ်သမား သုံးဦးကတော့ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်ရှိ ဟီရှန်းအထည်ချုပ်စက်ရုံက နှစ်ဦးနဲ့ ဒေါင်းလောင်းအထည်ချုပ်စက်ရုံက တစ်ဦးတို့ဖြစ်ကြပြီး ကန်ကြီးထောင့်မြို့နယ်ကနေ ပုသိမ်ကို အလုပ်လာရောက်လာကိုင်သူ တွေဖြစ်ပါတယ်။

နောက်ထပ် ကိုဗစ်-၁၉ အတည်ပြုလူနာ  သုံးဦးကတော့ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်က စာတိုက်ဝန်ထမ်းကြီးကြပ်ရေးမှူး တစ်ဦး၊ သူနဲ့ ခြံဝန်းအတူနေထိုင်တဲ့ အမျိုးသမီး တစ်ဦးနဲ့ အမှတ် ၇ ရပ်ကွက်နေ ရွှေပြည်သာစျေးက အလှကုန်ဆိုင် အရောင်း ဝန်ထမ်း တစ်ဦးတို့ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထည်ချုပ်အလုပ်သမား ၃ ဦးအပါဝင် ပိုးတွေ့လူနာ ၆ ဦးကို ပုသိမ်မြို့ တိုင်းရင်းဆေးရုံရှိ ကုသဆောင်ကို လွှဲပြောင်းကုသပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅ ဦးအထိရှိနေပြီး နှစ်ဦးကတော့ ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

သတင်း – မင်းထက်မုန်း (ပုသိမ်)

Tags: ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပုသိမ်အထည်ချုပ်အလုပ်သမား

  • Previous story အီတလီအိုးပင်းပြိုင်ပွဲတွင် ရိုမေးနီးယားတင်းနစ်မယ် ဆိုင်မွန်ဟေးလက် ဗိုလ်စွဲ
  • Next story မာလီ ကြားဖြတ်သမ္မတအဖြစ် ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီရယ်ဒူဘလူဗီကို ခန့်အပ်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
    • 02 ကိုဗစ်-၁၉ လူနာသစ် ၄၇၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၈ ဦးထပ်တိုး
    • 03 မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း
    • 04 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
    • 05 အကြိုက်ဆုံးကစားသမား ၁၁ ဦး  အိုဇေးလ် ရွေးချယ်
    • 01 ကိုဗစ်-၁၉ လူနာသစ် ၄၇၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၈ ဦးထပ်တိုး
    • 02 သထုံတွင် ရထားလမ်းပေါ် တက်အိပ်သူ ၂ ဦး ရထားတိုက်ခံရ၊ ၁ ဦး သေဆုံး
    • 03 ဓာတ်ခွဲခန်းသုံးဝက်များကဲ့သို့ နိုင်ငံသားများကို ကိုဗစ်ဆေးစမ်းသပ်ခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော
    • 04 ဆမ်ဆောင်း လုပ်ငန်းစု၏ အမွေဆက်ခံသူ ဂျေဝိုင်လီကို ထောင်ဒဏ် လ ၃၀ ချမှတ်
    • 05 ဆရာ၊ ဆရာမများ တရားစွဲခံရမှု သက်ဆိုင်ရာဌာနများ အကူအညီမပေးဟု တာဝန်ရှိသူပြော
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.