Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၆,၁၅၁ ဦး ၊ သေဆုံးသူ ၉၈ ဦးရှိလာ
DVB
·
September 21, 2020
ကိုဗစ်-၁၉ လူနာသစ် ၃၄၆ ဦး၊  သေဆုံးသူ ၁ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၆,၁၅၁ ဦးနဲ့  ၊ သေဆုံးသူ ၉၈ ဦးရှိသွားပြီလို့   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ထုတ်ပြန်ပါတယ်။ သေဆုံးသွားသူကတော့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ  တက်ရောက်ကုသမှုခံယူနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်တဲ့ ကိုဗစ် လူနာအမှတ်  ၄၆၁၂ ဟာ  ဒီကနေ့ မွန်းလွဲ ၂ နာရီက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၇၃၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ ၃၇၉ ခု၊ နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ ၅၄၅ ခု၊  စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဓာတ်ခွဲနမူနာ ၆ ခု စုစုပေါင်း ၂,၄၃၉ ခုကို ဒီနေ့ ညနေ  စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ် ၃၄၆ ဦး တွေ့ရှိရတာပါ။ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၆၇ နှစ်အရွယ်အမျိုးသမီး တစ်ဦး ၊ ၆၈ နှစ်အရွယ်အမျိုးသမီး တစ်ဦးနဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက ၇၈ နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၆,၁၅၁ ဦး ၊ သေဆုံးသူ ၉၈ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၄၄၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၄၅ ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024