လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြု
DVB
·
July 1, 2013
အစိုးရက လုပ်ကိုင်နေတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းပုဂ္ဂလိကကို စတင်လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးနေပြီး တောင်ဒဂုံမြို့နယ်မှာ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုတွေ၊ မီတာဘောက်(စ်) စနစ်တွေကို ကောင်းမွန်အောင် ပြုပြင်ရမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ဒီကမှ တဆင့် ပိုပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အား ပမာဏကို အကျိုးအမြတ်အဖြစ် ရရှိမှာ ဖြစ်ပါတယ်။ပုဂ္ဂလိကကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုလုပ်ငန်း လုပ်ခွင့်ပေးထားတယ်ဆိုပေမယ့် ဓာတ်အားခဟာ အစိုးရက သတ်မှတ်ထားတဲ့အတိုင်း အိမ်သုံး ၁ ယူနစ် ၃၅ ကျပ်၊ လုပ်ငန်းသုံး ၁ ယူနစ် ၇၅ ကျပ်ပဲ ဖြစ်ကြောင်း ဦးအောင်ခိုင်က ရှင်းပြပါတယ်။