Homeမြန်မာသတင်း
မောင်တောမြို့ ပညာရေးဝန်ထမ်း ၁ ဦးနှင့် INGO ဝန်ထမ်း ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
မောင်တောမြို့ ပညာရေးဝန်ထမ်း ၁ ဦးနှင့် INGO ဝန်ထမ်း ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 19, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ပညာရေးဝန်ထမ်း ၁ ဦးနဲ့ INGO ဝန်ထမ်း ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက DVB ကို ပြောပါတယ်။
“INGO ဝန်ထမ်းတွေရဲ့ Swab နမူနာ ၅၀ ကျော်ကို စစ်ဆေးတဲ့အခါ ၉ ဦး တွေ့တာ ဖြစ်တယ်။ ပညာရေးဝန်ထမ်းကတော့ သံသယလူနာအနေနဲ့ ဆေးရုံတက်နေသူ ဖြစ်တယ်။ Swab နမူနာယူတဲ့ INGO အဖွဲ့တွေထဲမှာ ICRC ပါတယ်။ MSS ပါတယ်။ သူတို့က Public care ထဲကို ဆင်းမယ့် ဝန်ထမ်းတွေအားလုံးကို Swab ယူစစ်ဆေးတဲ့အခါ တွေ့တာ ဖြစ်တယ်။”
ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်တဲ့ လူနာသစ် ၁၈၆ ဦး စာရင်းထဲမှာ မောင်တောမြို့က ၁၀ ဦး ပါဝင်တာပါ။
စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း ကျန်းမာရေးဝန်ထမ်း ၁ ဦးနဲ့ INGO ဝန်ထမ်း ၄ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိမှာ မောင်တောမြို့ ပြည်သူဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ဆေးကုသမှုခံယူနေပါတယ်။
လင်းလက်